Friday, December 17, 2021

ခရိုအေးရှားနှင့် ကိုဆိုဗို ကာကွယ်ရေးဝန်ကြီးတို့အကြား လုံခြုံရေး နှင့်ကာကွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်း

 

ခရိုအေးရှားကာကွယ်ရေးဝန်ကြီး မာရီယိုဘနိုဇစ် (Mario Banozic) နှင့် ကိုဆိုဗိုကာကွယ်ရေးဝန်ကြီး အာမန်ဒ်မီဟတ်ဂ်ျ (Armend Mehaj) တို့သည် လုံခြုံရေး နှင့်ကာကွယ်ရေးဆိုင်ရာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ကိုဆိုဗိုနိုင်ငံ၊ မြို့တော် ပရင့်စ်တီနာ (Prishtina) ၌ ဒီဇင်ဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ခရိုအေးရှားနိုင်ငံအနေဖြင့် ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပါအဝင် ဥရောပ-အတ္တလန္တိတ်အဖွဲ့အစည်း (Euro-Atlantic Institution) များတွင် ကိုဆိုဗို၏ အဖွဲ့ဝင် ဖြစ်မှုကိုလည်းထောက်ခံကြောင်း၊ လေ့ကျင့်ရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် ဆက်လက်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ဘနိုဇစ်က ပြောကြားခဲ့ပါသည်။ ခရိုအေးရှားနှင့်ကိုဆိုဗိုဆက်ဆံရေးသည် သံတမန် ဆက်ဆံရေးထက်ကျော်လွန်လျက်ရှိပြီး အနာဂတ်လမ်းကြောင်းများကိုလည်း အတူတကွ ပုံဖော်သွားမည်ဖြစ်ကြောင်း မီဟတ်ဂ်ျက အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment