Sunday, December 19, 2021

ဘီလာရုဇ်နှင့်တူရကီတို့သည် ဝန်ဆောင်မှုကဏ္ဍရပ်များတွင် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်မူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း

 

Belta; Dec-5 (Sun)

              တူရကီနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အာဏာပိုင်အဖွဲ့ (Information and Communication Technologies Authority-ICTA) တို့မှ အဆင့်မြင့်ကိုယ်စားလှယ် များသည် ဝန်ဆောင်မှုကဏ္ဍရပ်များတွင် လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်မူကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများစတင်ရန် ဒီဇင်ဘာလ ၆ ရက်တွင် ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ဘီလာရုဇ်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် ဘီလာရုဇ်နှင့်တူရကီအကြား တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုဖြစ်ပြီး ပထမနှင့်ဒုတိယအကြိမ် အစည်းအဝေးများကဲ့သို့ ကြားဖြတ် အစည်းအဝေးများတွင်လည်း အပြန်အလှန်အကျိုးရှိမည့် သဘောတူညီမှုများထားရှိ ခဲ့ကြောင်း ဘီလာရုဇ်ကိုယ်စားလှယ် မာရီနာယူဇိုဗာ (Marina Ezhova) က ပြောကြား ခဲ့ပါသည်။

              ယခုကဲ့သို့ ဆွေးနွေးမှုများမှာ အရေးပါကြောင်းနှင့် နောက်ဆုံးရလဒ်ရရှိရန် နှစ်ဦးနှစ်ဖက်အလေးထားကာ အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်သွား ရန်လည်း ယူဇိုဗာက အလေးထားပြောကြားခဲ့ပါသည်။ ဘီလာရုဇ်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးမှုနှင့် အကောင်အထည်ဖော် ဆောင်ပြီးပါက ဝန်ဆောင်မှုကဏ္ဍများတွင် ပို့ကုန် ၃. ၈ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့ပါသည်။ ထို့ပြင်အများဆုံးဖွံ့ဖြိုး လာနိုင်မည့် ကဏ္ဍရပ်များအနေဖြင့် အခြားစီးပွားရေးဆိုင်ရာဝန်ဆောင်မှုတွင် ၄.၉ ဆ၊ လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍတွင် ၁.၇ ဆ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ၈.၆ ရာခိုင်နှုန်းတိုးမြင့်လာနိုင်ကြောင်း သိရှိရပါသည်။

Ref; The draft of Belarusian-Turkish Agreement on free trade in services to be discussed

No comments:

Post a Comment