Anadolu Agency;Jun-11(Fri)
တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar)နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့သည် နှစ်နိုင်ငံလုံခြုံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို
တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက
ဇွန်လ ၁၀ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအား ဘယ်လ်ဂျီယံနိုင်ငံ၊
ဘရပ်ဆဲလ် (Brussels) မြို့၌ ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည့် NATO ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဆွေးနွေးမှုအတွင်း
နှစ်နိုင်ငံဝန်ကြီးများအနေဖြင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကာကွယ်ရေးနှင့်
လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အပေါ် အပြုသဘောဆောင်သည့် အမြင်များဖလှယ်ခဲ့ကြောင်း
တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့်
သမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep
Tayyip Ardogen)နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့အကြား ပြုလုပ်သွားမည့် ဆွေးနွေးပွဲတွင်
အပြုသဘောဆောင်သည့်အစီအစဉ်များနှင့် နီးကပ်စွာဆောင်ရွက်သွား မည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး
မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu)က TRT
Haber ရုပ်သံအင်တာဗျူးတစ်ခုအတွင်း
ပြောကြားခဲ့ပါသည်။ အမေရိကန်အနေ ဖြင့်လည်း တူရကီနိုင်ငံနှင့်ပူးပေါင်း၍ လစ်ဗျား၊ ဆီးရီးယားအရေးကိစ္စများကိုသာမက
မြေထဲပင်လယ်မှ ပင်လယ်နက်အထိ များပြားသည့် နယ်မြေဒေသဆိုင်ရာကိစ္စရပ်များ နှင့် ကော့ကေးဆပ် (Caucasus) ဒေသဆိုင်ရာကိစ္စရပ်အား လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ကာဗူဆိုဂလူက
ထည့်သွင်းပြောကြားခဲ့ပါသည်။ လာမည့် NATO
ထိပ်သီး ဆွေးနွေးပွဲ၌ တူရကီနှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များအကြား
သီးသန့်တွေ့ဆုံ၍ ဆီးရီးယား၊
အာဖဂန်နစ္စတန်၊ အရှေ့မြေထဲပင်လယ်နှင့် S-400
လေကြောင်းရန် ကာကွယ်ရေးစနစ်ဆိုင်ရာကိစ္စရပ်များအပါအဝင်
ကဏ္ဍအသီးသီးအား ဆွေးနွေးမှုများ ပြုလုပ်သွားရန် မျှော်မှန်းထားကြောင်း
သိရှိရပါသည်။
No comments:
Post a Comment