၁၀။ နေတိုးထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခု၌ တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းစေမည့် တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်နိုင်ခဲ့ကြောင်း ဇွန်လ ၁၅ ရက်တွင် ဆင်ဟွာသတင်းဌာနက ဖော်ပြ ခဲ့ပါသည်။ အဆိုပါခေါင်းဆောင်နှစ်ဦးသည် ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါနှိမ်နင်းရေးနှင့် ကာကွယ်ဆေး ကိစ္စရပ်များအပါအဝင် အခြားသော ကဏ္ဍအသီးသီးတို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ပါသည်။ ထို့ပြင် တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်နိုင်ငံနှင့် လက်ရှိအချိန်အထိ ဖြေရှင်းမရနိုင်သည့် အငြင်းပွားဖွယ်ပြဿနာရပ်များမရှိကြောင်းနှင့် အခြားတစ်ဖက်တွင် အလားအလာကောင်းပြီး နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၌ အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment