Thursday, June 17, 2021

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တူရကီနိုင်ငံခြားရေးဝန်ကြီး၏ဖိတ်ကြားချက်အရ သံတမန်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း

 

၁။           ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရာရှီ (Shah Mahmood Qureshi) သည် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) ၏ ဖိတ်ကြားချက်အရ အန်တယ်ရာ(Antalya)မြို့တွင်ကျင်းပပြုလုပ်မည့် သံတမန်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Antalya Diplomacy Forum) သို့တက်ရောက်ရန် တူရကီနိုင်ငံသို့ရောက်ရှိ လျက်ရှိကြောင်း ဇွန်လ ၁၈ ရက်၌ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ ပါသည်။ ၎င်းခရီးစဉ်အတွင်း ရှားမာမွတ်ကူရာရှီသည် မက်ဗ်လက်ကာဗူဆိုဂလူနှင့်တွေ့ဆုံ၍  တူရကီနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား ထားပါသည်။ ထို့ပြင် ကူရာရှီသည် အန်တယ်ရာမြို့၏ ဒုတိယအုပ်ချုပ်ရေးမှူး၊ တူရကီ နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး ဆိုင်းရပ်စ်ကာဇီ(Cyrus Qazi)နှင့် တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာန၏အဆင့်မြင့်အရာရှိများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment