Thursday, June 17, 2021

တူရကီနိုင်ငံ၏ ရုရှားနိုင်ငံထုတ် S-400 ဝယ်ယူရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြုလုပ် သွားမည်ဆိုခြင်း

 ၉။           တူရကီနိုင်ငံ၏ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားဖြစ်ပေါ်လျက်ရှိသည့်တင်းမာမှုများကို အဖြေရှာရန် အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan)က ပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဇွန်လ ၁၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဇွန်လ ၁၄ ရက်တွင်ကျင်းပပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲ၏ဆက်စပ် အစည်းအဝေး၌ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ သို့သော် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) လေဆိပ် လုံခြုံရေးအတွက် တူရကီစစ်ဘက်၏မစ်ရှင်နှင့်ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘော တူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment