၄။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် (Moon Jae-in) သည် ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဩစတြီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ မွန်ဂျေးအင်၏ခရီးစဉ်သည် ဩစတြီးယားနှင့် တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက် သည့် တောင်ကိုရီးယားသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် တောင်ကိုရီးယား-ဩစတြီးယား နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍအား အဆင့်မြှင့်တင်မှုအပါအဝင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment