Tuesday, June 15, 2021

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသညိ တူရကီနိုင်ငံတွင်ကျင်းပပြုလုပ်သည့် သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်မည်ဆိုခြင်း

 ၃။           ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရာရှီ (Shah Mahmood Qureshi) အနေဖြင့် တူရကီနိုင်ငံ၊ အန်တယ်လ်ရာမြို့၌ ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သည့် သံတမန်ရေးဆိုင်ရာ (Antalya DCiplomacy Forum) ဆွေးနွေးပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဇွန်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတက်ရောက်စဉ် အာဖဂန်နစ္စတန်၊ အီရန်နှင့် ကူဝိတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အခြားသော သံတမန်များ ကိုလည်း သီးခြားတွေ့ဆုံရန် စီစဉ်လျက်ရှိပါသည်။ ကူရာရှီသည် အဆိုပါချစ်ကြည်ရေး ခရီးစဉ်အတွင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဖြင့် ဆောင်ရွက်ရေးနှင့် အစ္စရေး-ပါလက်စတိုင်းအရေးတို့အား ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment