Sunday, June 13, 2021

လစ်ဗျားသမ္မတရွေးချယ်ရေးကောင်စီဉက္ကဋ္ဌ နှင့် တူရကီကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 ၁၁။     လစ်ဗျားသမ္မတရွေးချယ်ရေးကောင်စီဉက္ကဋ္ဌ မိုဟာမက်မန်ဖီ (Mohamed Menfi) နှင့် တူရကီကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးနက်ရှိုင်းမှုနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်မှုများကို အလေးထားပြောကြားခဲ့ကြပါသည်။ တူရကီကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ရာဇဝတ်မှုများနှင့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်မှုများတိုက်ဖျက်ရေး၊ မိုင်းရှင်းလင်းရေး၊ ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးဆိုင်ရာလေ့ကျင့်မှုများ စသည်တို့ နှင့်စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ရန် ပြောကြားခဲ့ ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးမှုအတွင်း ဘာလင်မြို့တွင်ပြုလုပ်မည့် လစ်ဗျား ငြိမ်းချမ်းရေးဆိုင်ရာညီလာခံ၊ လစ်ဗျား၏နိုင်ငံရေးအခြေအနေအပေါ် ထောက်ပံ့ကူညီမှု၊ လစ်ဗျားနိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးနှင့်စည်းလုံးညီညွတ်မှုအပေါ်  နိုင်ငံတကာ၏ ထောက်ခံမှုများရရှိစေရန် ဒေသတွင်းအားထုတ်ကြိုးပမ်းမှုများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment