Friday, June 11, 2021

အာဖဂန်နစ္စတန်ရှိ တူရကီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသင့်ကြောင်း တာလီဘန်တပ်ဖွဲ့က ပြောကြားခဲ့ခြင်း


Reuters;Jun-11(Fri)

              အမေရိကန်ဦးဆောင်သောနေတိုးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် ကဘူးလ် (Kabul) လေဆိပ်အား ကာကွယ်စောင့်ရှောက်သွားမည်ဟူသော တူရကီနိုင်ငံ၏ အဆိုပြုချက် အား တာလီဘန်တပ်ဖွဲ့များကပယ်ချခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၌ ချုပ်ဆိုခဲ့သော အမေရိကန် တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရေးဆိုင်ရာသဘောတူညီချက်အရ အာဖဂန်နစ္စတန် နိုင်ငံရှိ တူရကီတပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းသွားသင့်ကြောင်း တာလီဘန် တပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆူဟေးရှာဟန် (Suhail Sha heen) က ဇွန်လ ၁၀ ရက် တွင်ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် တာလီဘန်တပ်ဖွဲ့တို့အကြား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်တွင်ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အရ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများအားလုံးသည် အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာသွားရမည်ဖြစ်သည့်အတွက် တူရကီသည်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ဆုတ်ခွာသွားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအတွက် အရေးပါသည့်အစ္စလာမ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် သမိုင်းကြောင်းအရ ဆက်ဆံရေးကောင်းမွန်မှု များရှိခဲ့ကာ အနာဂတ်ကာလတွင် တာလီဘန်အစိုးရသစ်တစ်ရပ် ထူထောင်လာနိုင် မည်ဆိုပါက နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ်ရရှိလာမည်ဖြစ် ကြောင်း ဆူဟေးရှာဟန်က ထပ်လောင်းပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် တာလီဘန်တပ်ဖွဲ့များနှင့်ချုပ်ဆိုခဲ့ သည့် သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့များအားလုံးသည် မေလ ၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ စတင်ဆုတ်ခွာသွားရမည်ဖြစ်ပါသည်။ လက်ရှိတွင်လည်း အမေရိကန်တပ်ဖွဲ့ဝင်များ၏ဆုတ်ခွာမှုသည် ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်နေပြီဖြစ် ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေ့ကျင့်မှုများပြုလုပ်ပေးလျက်ရှိသော တူရကီ တပ်ဖွဲ့ဝင် ၅၀၀ ကျော် ကျန်ရှိနေသေးကြောင်း သတင်းအရင်းအမြစ်များကဖော်ပြခဲ့ ပါသည်။ 

  

No comments:

Post a Comment