Sputnik; Jun-17 (Thu)
ပိုလန်နိုင်ငံအနေဖြင့်
FGM-148F Javelin အမည်ရှိ တင့်ဖျက်စနစ်များ အမြောက်အမြားဝယ်ယူရန်
အမေရိကန်နိုင်ငံနှင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် စာချုပ်
ချုပ်ဆိုခဲ့ကြောင်းနှင့် ၎င်းစာချုပ်အရ ၂၀၂၁ ခုနှစ်အကုန်ပိုင်း၌
ဒုံးပစ်လောင်ချာ ၆၀ စင်း၊ ဒုံးကျည် ၁၈၀ စင်းနှင့်အတူ လေ့ကျင့်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်များရရှိနိုင်
မည်ဟု မျှော်မှန်းထားကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ပိုလန်နိုင်ငံသည် ၎င်း၏ Javelin တင့်ဖျက်ဒုံးကျည်စနစ်များအား ၎င်း၏နယ်မြေကာကွယ်ရေးဆိုင်ရာ
ဖွဲ့စည်းမှုပုံစံများနှင့်အညီ နိုင်ငံ၏အရှေ့ဘက်ပိုင်း ဒေသများ၌ တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း
ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ် ဘလက်ဇက်
(Mariusz Blaszczak) က ကြေညာခဲ့ပါသည်။ အဆိုပါ FGM-148F Javelin အမည်ရှိ တင့်ဖျက်စနစ်များသည်
ပိုလန်နိုင်ငံသို့တင်ပို့ခဲ့သည့် အမေရိကန်နိုင်ငံထုတ် လက်နက်စနစ်တစ်ခုဖြစ်ပြီး နိုင်ငံအရှေ့ဘက်ပိုင်းရှိ
နယ်မြေကာကွယ်ရေးတပ်ဖွဲ့များက အသုံးပြုသွားမည်ဖြစ်ပြီး နယ်မြေကျူးကျော်မှုများကိုဟန့်တားရာတွင်
အလွန်အရေး ပါသောစနစ်တစ်ခုဖြစ်ကြောင်း ဘလက်ဇက်က ပြောကြားခဲ့ပါသည်။
၎င်းစနစ်များအား
Raytheon-Lockheed Martin ကုမ္ပဏီက ၁၉၈၀ ပြည့်နှစ်တွင် တီထွင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်
အမေရိကန်စစ်ဘက်မှ စတင်မိတ်ဆက်ခဲ့သည့် အလွယ် တကူသယ်ယူနိုင်သည့်စနစ်မျိုးဖြစ်ပါသည်။ အဆိုပါတင့်ဖျက်စနစ်များအား
အာဖဂန် နစ္စတန်၊ ဆီးရီးယားနှင့်လစ်ဗျားတို့၌ဖြစ်ပွားခဲ့သည့် အမေရိကန်၏ကျူးကျော်စစ်ပွဲများ
အပါအဝင် ၂၀၀၃ ခုနှစ်တွင် အမေရိကန်၏ အီရတ်နိုင်ငံအားကျူးကျော်ခြင်းစသည့် ပဋိပက္ခအမျိုးမျိုးတွင် အသုံးပြုခဲ့သည့်စနစ်တစ်ခုဖြစ်ပါသည်။
ပိုလန်နိုင်ငံသည် သံချပ်ကာ နှင့် ပဲ့ထိန်းဒုံးစနစ်များအား ပိုမိုထိရောက်စွာတိုက်ခိုက်နိုင်စေရန်အတွက်
အမေရိကန် နိုင်ငံမှ နောက်ဆုံးအဆင့်မြှင့်တင်ထားသည့်
FGM-148F Javelin ၏ ဘက်စုံတိုက်ခိုက်ရေး ဒုံးကျည်စနစ်များကို လက်ခံရရှိသွားမည်ဖြစ်ကြောင်း
ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment