၅။ တူရကီအစိုးရအနေဖြင့် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များဝယ်ယူမည့် ရပ်တည်ချက်အား ပြောင်းလဲသွားမည်မဟုတ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အား မျက်နှာချင်းဆိုင်တွေ့ဆုံပွဲတစ်ခုတွင် ပြတ်သားစွာ ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် NATO အဖွဲ့ စစ်လက်နက်ပစ္စည်း များနှင့် ကိုက်ညီမှုမရှိသည့်အပြင် NATO မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူခြင်းမပြုရန် အမေရိကန်နိုင်ငံက တူရကီနိုင်ငံအပေါ် နှစ်ပေါင်းများစွာကြာ ဖိအားပေးခြိမ်းခြောက်လျက်ရှိပါသည်။ သမ္မတ ဘိုင်ဒင်သည် တူရကီနိုင်ငံသို့ ခရီးစဉ်လာရောက်ဖွယ်ရှိသည်ဟု သမ္မတ အာဒိုဂန်က သတင်းထောက် များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment