၉။ ဂျာမနီကာကွယ်ရေးဝန်ကြီး အန်နီဂရက်ခရမ့်ကာရန်ဘောင်ရာ (Annegret Kramp Karrenbauer) သည် ဇွန်လ ၁၆ ရက်တွင် တူရကီနိုင်ငံ၊ မြို့တော်အန်ကာရာ (Ankara) သို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကြောင်း DW သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း တူရကီကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar)နှင့် တွေ့ဆုံမှုများပြုလုပ်သွား မည်ဖြစ်ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေး၌ ချမှတ်ခဲ့သည့်ကတိကဝတ်များအား အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များ၊ အရှေ့မြေထဲပင်လယ်အရေးဆိုင်ရာကိစ္စရပ်များနှင့် အာဖဂန်မှနေတိုးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုကိစ္စရပ်များအား အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment