၂။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် (Moon Jae-in) သည် ဗြိတိန်၊ ဩစတြီးယား နှင့်စပိန်နိုင်ငံများသို့ သီတင်းပတ်တစ်ပတ်အကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်တွင် နိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ COVID-19 ကပ်ရောဂါကူးစက် ပျံ့နှံ့မှုများဖြစ်ပွားနေစဉ် သမ္မတ မွန်ဂျေးအင်သည် ဗြိတိန်နိုင်ငံ၊ ကွန်ဝေါ (Cornwall) စီရင်စုတွင်ကျင်းပပြုလုပ်ခဲ့သည့် ဂျီ၇ ညီလာခံသို့တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ညီလာခံတွင် ကျန်းမာရေး၊ လူမှုရေးနှင့်ရာသီဥတုပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်လျက်ရှိသည့်ကိစ္စရပ်များတွင် တောင်ကိုရီးယားနိုင်ငံသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သမ္မတ မွန်ဂျေးအင်ကပြောကြားခဲ့ပါသည်။ မွန်ဂျေးအင်သည် အဆိုပါညီလာခံအားတက်ရောက် ခဲ့ပြီးနောက် ဩစတြီးယားနှင့်စပိန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးဆက်လက်သွားရောက်ခဲ့ပြီး ၎င်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုဖော်ဆောင်ရန် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment