Sunday, October 3, 2021

လစ်သူရေးနီးယားဥပဒေပြု‌လွတ်တော်အမတ်သည် ထိုင်ဝမ်သို့ချစ်ကြည်ရေးခရီးသွားရောက်မည်ဆိုခြင်း

 လစ်သူရေးနီးယား ဥပဒေပြုလွှတ်တော်အမတ် မက်တစ်မယ်လ်ဒီကတ်စ် (Matas Maldeikis) သည် တရုတ်-ထိုင်ဝမ်ဆက်ဆံရေး တင်းမာမှုများမြင့်တက် နေသော်လည်း ထိုင်ဝမ်သို့ ဒီဇင်ဘာလအစောပိုင်းတွင် ချစ်ကြည်ရေးခရီးသွား ရောက်ရန် စီစဉ်ထားရှိကြောင်း Yahoo သတင်းဌာနကအောက်တိုဘာလ ရက်တွင် ဖော်ပြခဲ့ပါသည်။ မယ်လ်ဒီကတ်စ်သည် ထိုင်ဝမ်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (Democratic Progressive Party-DPP) ၏ ဖိတ်ကြားချက်အရ အခြားသော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ သွားရောက်မည်ဖြစ်ပါသည်၊၊ ထို့ပြင် လစ်သူရေးနီးယားနိုင်ငံ၊ ဗွီးနီးယက်စ် (Vilnius) မြို့၌ ထိုင်ဝမ်ကိုယ်စားလှယ်ရုံး တည်ဆောက်ခြင်းနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးအပါအဝင် စီးပွားရေးဆိုင်ရာကိစ္စများတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသောခြေလှမ်းသစ် တစ်ရပ်ဖြစ်ကြောင်း မယ်လ်ဒီကတ်စ်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment