တူရကီသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်ကာလင် (Ibrahim Kalin) နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) တို့သည် တူရကီသမ္မတအိမ်တော်တွင် တွေ့ဆုံ၍ ကုလသမဂ္ဂ၏မူဘောင်အတွင်း တူရကီ-အမေရိကန်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဇွန်လ ၂ ရက်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ကာလင်နှင့် သောမတ်စ်ဂရင်းဖီးလ် တို့သည် မကြာမီပြုလုပ်မည့် NATO ထိပ်သီးဆွေးနွေးပွဲ၌ တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန်(Recep Tayyip Erdogan)နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့အကြား ဆွေးနွေးမည့်အစီအစဉ်အပေါ် ပြန်လည်ဆန်းစစ်ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုများနှင့် အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment