Dailysabah;Jun-1(Tue)
တူရကီအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သည့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ (North Atlantic Treaty Organization-NATO) ၏ Steadfast Defender 2021 စစ်ရေးလေ့ကျင့်ခန်းသည် ဇွန်လ ၁ ရက်တွင် ရိုမေးနီးယားနိုင်ငံ၌ အဆုံးသတ်ခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းအား မိမိတို့တပ်ဖွဲ့ဝင်များ လေ့ကျင့်သား ပြည့်ဝမှု၊ အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ကဏ္ဍစုံမှခြိမ်းခြောက်မှုများကို တုံ့ပြန် နိုင်ရန်အသင့်ရှိမှု စသည်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း NATO အဖွဲ့က ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံ၊ စင်ကူ (Cincu) မြို့ လေ့ကျင့်ရေးကွင်း၌ ပြုလုပ်သည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းသို့ တပ်ဖွဲ့ဝင် ၂,၂၀၀ ဦးနှင့် စစ်ဘက်ယာဉ် ၅၅၀ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း NATO အဖွဲ့၏ အမြန်တုံ့ပြန်ရေးပူးတွဲလုပ်ငန်း အဖွဲ့ (Very High Readiness Joint Task Force 2021-VJTF) ၏ တပ်မဟာ အကြီးအကဲ ဗိုလ်မှူးကြီး အာဒိုဂန်ကိုကိုဂလူ (Erdogan Kocoglu) က Steadfast Defender 2021 စစ်ရေးလေ့ကျင့်ခန်းပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံ၏ NATO အဖွဲ့သို့ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်သည့် စာတစ်စောင်အား တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တူရကီနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် VJTF အဖွဲ့ကို တာဝန်ယူ ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးအတွက် အိုင်အက်စ် စစ်သွေးကြွနှင့် ကာ့ဒ်တပ်ဖွဲ့တို့အပေါ် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအပေါ် ထောက်ပံ့မှုများ ရပ်ဆိုင်းသွားမည်ဆိုပါက အာဖဂန်တွင် အောင်မြင်မှုများဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း နှင့် တူရကီနိုင်ငံသည် အာဖဂန်နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သွားရန် အသင့် ရှိကြောင်း အထက်ပါထုတ်ပြန်ချက်အရ သိရှိရပါသည်။
No comments:
Post a Comment