၉။ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလွတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နီရူရိုင် (Zbigniew Rau) ၏ ဖိတ်ကြားချက် အရ အောက်တိုဘာလ ၄ ရက်တွင် ပိုလန်နိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးသွား ရောက်မည်ဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းခရီးစဉ်အတွင်း ကာဗူဆိုဂလူသည် ပိုလန်သမ္မတ အန်ဒရတ်ဒူဒါ (Andrzej Duda) အပါအဝင် ပိုလန်အောက်လွှတ်တော်ဥက္ကဋ္ဌ အယ်ဇ်ဘီ ယက်တာဝီတခ် (Elzbieta Witek) တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်း/ နိုင်ငံတကာရေးရာနှင့် ဥရောပသမဂ္ဂ(EU) ရေးရာကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ကာဗူဆိုဂလူသည် အောက်တိုဘာလ ၅ ရက်တွင် ပိုလန်နိုင်ငံ၊ မြို့တော် ဝါဆော၌ ကျင်းပမည့် (၇) ကြိမ်မြောက် ဝါဆောလုံခြုံရေးဖိုရမ် (Warsaw Security Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment