Monday, October 4, 2021

ဂရိနှင့်ဆိုက်ပရပ်စ်တို့သည် အောက်တိုဘာလ ၄ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်းတူရကီ၏တရားမဝင်စွမ်းအင်ရှာဖွေမှုများအားပြင်တင်ဝေဖန်မှုများပြုလုပ်ခဲ့ခြင်း

 ဂရိနှင့်ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးတို့သည် အောက်တိုဘာလ ရက် တွင် ဂရိနိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း အရှေ့မြေထဲပင်လယ် ဒေသအတွင်း တူရကီနိုင်ငံ၏ တရားမဝင်စွမ်းအင်ရှာဖွေမှုလုပ်ရပ်များနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း Ahvalnews သတင်းဌာနက အောက်တိုဘာလ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း တူရကီနိုင်ငံ၏ တရားမဝင် လုပ်ရပ်သည် မည့်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးဖြစ်ပေါ်လာမည်မဟုတ် ကြောင်းနှင့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်သည့်အခွင့်အရေးများအား နိုင်ငံတကာဥပဒေ၊ ပင်လယ်ရေကြောင်းဆိုင်ရာဥပဒေများနှင့်အညီ ကာကွယ်သွားမည် ဖြစ်ကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) က ပြောကြားခဲ့ပါသည်။ အရှေ့မြေထဲပင်လယ်အတွင်း စွမ်းအင်ရှာဖွေရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများအား ဖြေရှင်းရန်အတွက် စူးစမ်းလေ့လာရေးဆိုင်ရာ (၆၃) ကြိမ်မြောက် ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာလ ရက်တွင် တူရကီနိုင်ငံ၌ ကျင်းပ ပြုလုပ်ရန်စီစဉ်ထားသည်ဟု ဒန်ဒီရက်စ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment