Thursday, February 10, 2022

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် တို့တွေ့ဆုံခဲ့ခြင်း

 

    တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖူအက်ကေ မတ်စီ (Fuat Kaymakci) နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဆာဖိလစ်ဘာတန် (Sir Philip Barton) တို့သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် တူရကီနိုင်ငံ၌တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ်မြောက် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပကြမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် တူရကီ-ဗြိတိန် ဆက်ဆံရေး၊ တူရကီနှင့် ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေးအခြေအနေများ၊ ဒေသတွင်း ဆိုင်ရာကိစ္စရပ်အများအပြားကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment