Tuesday, February 22, 2022

ဗြိတိန်နိုင်ငံအနေဖြင့် Sky Sabre လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်သစ်များအား ပိုလန်နိုင်ငံသို့ ပေးပို့တပ်ဖြန့်လျက်ရှိခြင်း

 

ဗြိတိန်နိုင်ငံအနေဖြင့် NATO ၏ အရှေ့ဘက်စစ်နံကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ Sky Sabre လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်သစ်များအား ပိုလန်နိုင်ငံသို့ ပေးပို့တပ်ဖြန့်လျက်ရှိကြောင်း The Mirror သတင်းဌာနက ဖေဖော်ဝါရီလ    ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဗြိတိန်စစ်ဘက်မှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စတင် အသုံးပြုခဲ့ပြီးသော အဆိုပါဒုံးကျည်စနစ်သစ်များသည် အသံ၏အလျင်နှုန်းဖြင့် တင်းနစ် ဘောလုံးအရွယ်အစားရှိသည့် ပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်စွမ်းရှိပြီး လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များကဲ့သို့ ရွေ့လျားနေသည့်ဝေဟင်ပစ်မှတ်များအား တစ်နာရီလျှင် ၂,၃၀၀ မိုင် အမြန်နှုန်းဖြင့် ပစ်ချနိုင်သည့်စွမ်းဆောင်ရည်ရှိပါသည်။ ထို့ပြင် ဗြိတိန်တပ်ဖွဲ့ဝင် ၃၅၀ ဦးအား ယခုလအတွင်း ပိုလန်နိုင်ငံသို့ ထပ်မံစေလွှတ်သွားမည် ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) က ပြောကြား ထားကြောင်းသိရှိရပါသည်။

No comments:

Post a Comment