Sunday, February 13, 2022

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သည့် လစ်သူရေးနီးယားနိုင်ငံသို့ ဂျာမနီတပ်ဖွဲ့ဝင်များ ပို့ဆောင်ခဲ့ခြင်း

 

Alarabiya; Feb-14(Mon)

              လစ်သူရေးနီးယားနိုင်ငံသို့ စစ်အင်အားဖြည့်တင်းရန်အတွက် ဂျာမနီတပ်ဖွဲ့ဝင် ၇၀ ဦးခန့် သယ်ဆောင်လာသည့် A400M အမျိုးအစားစစ်လေယာဉ်သည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် လစ်သူရေးနီးယားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း Alarabiya သတင်းဌာက ရေးသားဖော်ပြခဲ့ပါသည်။ ထို့ပြင် ဂျာမနီနိုင်ငံတစ်ဝန်းရှိ တပ်ရင်းများမှ စစ်ဘက် ဆေးဝန်ထမ်းများ၊ အမြောက်တပ်ဖွဲ့များ၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များအပါအဝင် ဟောင်ဝစ်ဇာအမြောက် ၁၀၀ ခန့်နှင့် အခြားသောစစ်ဘက်သုံးယာဉ်များသည် ယခုသီတင်းပတ် အတွင်း ထပ်မံရောက်ရှိလာနိုင်ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ရေးသားဖော်ပြ ထားခဲ့ပါသည်။ အဆိုပါတပ်ဖြန့်ချထားမှုများသည် ၎င်း၏ မဟာမိတ်နိုင်ငံများမှ စစ်ရေး အကူအညီလိုအပ်ပါက ချက်ချင်းစစ်ကူပေးပို့ရန် ဂျာမနီနိုင်ငံ၏ အသင့်ရှိမှုကိုဖော်ပြသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း လစ်သူရေးနီးယားအခြေစိုက် NATO အဖွဲ့၏ဂျာမနီ တပ်မှူး ဒုတိယဗိုလ်မှုးကြီး ဒန်နီရယ်အန်ဒရေး (Daniel Andrae) က ပြောကြားခဲ့ပါသည်။

              လစ်သူရေးနီးယားနိုင်ငံတွင် တပ်ဖြန့်ထားရှိသော NATO တပ်ဖွဲ့ဝင် ,၁၀၀ ဦးတွင် တစ်ဝက်မှာ ဂျာမနီတပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့မှဖြစ်ပါသည်။ လစ်သူရေးနီးယားနိုင်ငံသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် ဂျာမနီ၏ဆုံးဖြတ်ချက်သည် အရေးကြီး၍ မှန်ကန်သည့်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး မြောက်အတ္တလန္တိတ်စာချုပ် (NATO) အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း စုပေါင်း ကာကွယ်ရေးဆိုင်ရာကတိကဝတ်များကို ဖော်ပြရာရောက်သည့် လုပ်ဆောင်မှုဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒက်စ် အန်နျူဆော့စ်ကက်စ် (Arvydas Anusauskas) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment