တူရကီလက်ထောက်ပြည်ထဲရေးဝန်ကြီး အစ္စမေးဂါတာလီ (Ismail Gatakli) နှင့် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်ရာဆက်အာမက် (Sheikh Rashid Ahmed) တို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဒေသတွင်း လုံခြုံရေး၊ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့် လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း Thenews သတင်းဌာနက မတ်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ပါကစ္စတန်-တူရကီ နှစ်နိုင်ငံဆက်ဆံရေး အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။ ထို့ပြင် တူရကီနှင့်ပါကစ္စတန်တို့သည် အကောင်းဆုံးမိတ်ဖက် နိုင်ငံများဖြစ်သည့်အပြင် ရာစုနှစ်များစွာကြာ ကောင်းမွန်သည့်ဆက်ဆံရေးများရှိပြီး တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့သည် ၎င်းတို့ နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်တစ်ခုဖြစ်သည်ဟု ရှိတ်ရာဆက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment