Tuesday, February 22, 2022
ဥရောပသမဂ္ဂမှ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှု များရရှိရန် အီဂျစ်နိုင်ငံက မျှော်မှန်းထားခြင်း
အီဂျစ်နိုင်ငံသည် တရားမဝင်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို တိုက်ဖျက်ရန်နှင့် ရပ်တန့်ရန်ကြိုးပမ်းမှုများအတွက် ဥရောပသမဂ္ဂမှ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှု များရရှိရန် ထိုက်တန်သည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijiarto) က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆီဂျာတိုအနေဖြင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) နှင့်တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဥရောပသို့ တရားမဝင် ဝင်ရောက်လာသူများအား တားဆီးရန်အတွက် အီဂျစ်အစိုးရ၏ အလေးထားဆောင်ရွက်မှုများအပေါ် ချီးကျူးပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ဥရောပဒေသသည် အာဖရိကဒေသမှ တရားမဝင် ဝင်ရောက်လာ သူများကဲ့သို့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုကြုံတွေ့နေရပြီး အီဂျစ်နိုင်ငံသည် အဆိုပါအကျပ်အတည်းများကိုဖြေရှင်းရန်အတွက် အားကိုးယုံကြည်ရသည့် မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ဆီဂျာတိုက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
EU,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment