Monday, February 21, 2022

အမေရိကန်သမ္မတသည် ဥရောပအရှေ့ပိုင်းရှိ NATO အဖွဲ့ဝင်နိုင်ငံများထံသို့ တပ်ဖွဲ့ဝင်များစေလွှတ်သွားရန် အမေရိကန်စစ်ဘက်အား ညွှန်ကြားခဲ့ခြင်း

 

Stars and Stripes; Feb-22 (Tue)

              အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် ဥရောပအရှေ့ပိုင်းရှိ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အက်စတိုးနီးယား (Estonia) လတ်ဗီးယား (Latvia)နှင့် လစ်သူရေးနီးယား (Lithuania) နိုင်ငံများသို့ တပ်ဖွဲ့ဝင် ၈၀၀ ဦး၊ ရဟတ်ယာဉ်အစီး ၃၀ ကျော်နှင့် F-35 တိုက်လေယာဉ် စီး  စေလွှတ်သွားရန် အမေရိကန်စစ်ဘက်အား ဖေဖော်ဝါရီလ ၂၂ ရက်တွင်  ညွှန်ကြားခဲ့ကြောင်း Stars and Stripes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ဘီလာရုဇ်နိုင်ငံ အတွင်းမှ ပြန်လည်ဆုတ်ခွာမှုပြုလုပ်ခြင်းမရှိသည့်အပြင် ယူကရိန်းနိုင်ငံအတွင်းသို့ ၎င်းတို့၏တပ်ဖွဲ့ဝင်များ စတင်စေလွှတ်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ဥရောပအရှေ့ ပိုင်းရှိ NATO အဖွဲ့ဝင်နိုင်ငံများထံသို့ ၎င်းတို့၏ တပ်ဖွဲ့ဝင်များစေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားထားပါသည်။ ထို့ပြင် NATO အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်ကိုကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် အခြားသော NATO အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး NATO အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်  ယူကရိန်းနိုင်ငံထံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်မဟုတ်ကြောင်း ဘိုင်ဒင်က ဆက်လက် ပြောကြားခဲ့ပါသည်။

              ဘိုင်ဒင်၏ ညွှန်ကြားချက်အရ အမေရိကန်စစ်ဘက်အနေဖြင့် အီတလီနိုင်ငံရှိ ၎င်းတို့၏ ခြေလျင်အထူးတပ်ဖွဲ့ဝင်များ၊ ဂျာမနီနိုင်ငံရှိ အမေရိကန်လေတပ်ဖွဲ့မှ F-35 တိုက်လေယာဉ် စီးနှင့် AH-64 ရဟတ်ယာဉ် ၂၀ စီးအား  မကြာမီရက်ပိုင်းအတွင်း အဆိုပါနိုင်ငံများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်မှအဆင့်မြင့် အရာရှိတစ်ဦးကပြောကြားထားပါသည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ် များ၌လည်း ၎င်းတို့၏ စစ်ဘက်တပ်ဖွဲ့ဝင် ,၀၀၀ ခန့်အား ပိုလန်နှင့် ဂျာမနီနိုင်ငံများသို့ စေလွှတ်ခဲ့သည့်အပြင် ဂျာမနီနိုင်ငံရှိ ၎င်းတို့၏ တပ်ဖွဲ့ဝင် ,၀၀၀ ခန့်ကိုလည်း ရိုမေးနီးယား နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment