Sunday, February 20, 2022

ပိုလန်နိုင်ငံအစိုးရအနေဖြင့် ယခုနှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားရန် မျော်မှန်းထားခြင်း

 

Thefirstnews; Feb-21 (Mon)

                  ပိုလန်နိုင်ငံ  နှစ်စဉ်ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် အမြင့်ဆုံး ၉.၂ ရာခိုင်နှုန်းမှ ပျမ်းမျှ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားရန် မျှော်မှန်းထား ကြောင်း ပိုလန်အစိုးရတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြောကြားခဲ့ပါ သည်။ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (Consumer Price Index-CPI) အရ လူသုံးကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုဈေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ် ၉.၂ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်လလျင် ၁.၉ ရာခိုင်နှုန်းတိုးမြင့်လာ ကြောင်း ဗဟိုစာရင်းအင်းရုံး (Central Statistical Office-GUS) က ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

              ငွေကြေးဖောင်းပွမှုနှုန်းများ လျော့နည်းသွားရန်အတွက် ပိုလန်အစိုးရအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ လောင်စာဆီများနှင့် စားသောက်ကုန်များအပေါ် တန်ဖိုးထပ်တိုးအခွန် (Value-Added Tax-VAT) ကောက်ခံမှုအား ဖြေလျှော့ပေးခဲ့ပါ သည်။ ပိုလန်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်းအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ၁၀ ရာခိုင်နှုန်းအထက်ကျော်လွန်နိုင်ဖွယ်ရှိ/မရှိ ကိုမူ ကြိုတင်ခန့်မှန်းနိုင်သေးခြင်း မရှိသေးပေ။ ပိုလန်အစိုးရအနေဖြင့် ယခုနှစ်အတွင်း ခန့်မှန်းထားသော နှစ်စဉ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ရာခိုင်နှုန်းခန့်ရှိမည်ဆိုပါက ကုန်ပစ္စည်းဈေးနှုန်းတန်ဖိုး မြင့်တက်ခြင်းကိုလည်း အထိုက်အလျောက်လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း သိရှိ ရပါသည်။

Ref; Polands average inflation likely at 7 pct this year, gov’t spokeman

No comments:

Post a Comment