အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) တို့သည် နှစ်နိုင်ငံအကြား Ionian ပင်လယ်ရေကြောင်း နယ်နိမိတ်မျဉ်းများသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကျင်းပမည့် မြူးနစ်လုံခြုံရေးညီလာခံ၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း Greek city times သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံ သဘောတူညီချက်အရ ၎င်းကိစ္စရပ်အားဖြေရှင်းရန် နိုင်ငံတကာတရားရုံး (International Court of Justice-ICJ) သို့ တင်ပြထားရှိပြီးဖြစ်သော်လည်း အဆိုပါ ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုသည် နှစ်နိုင်ငံအကြား ကာလရှည်ဖြစ်ပွားခဲ့သော တင်းမာမှုအရင်းအမြစ်တစ်ခုအဖြစ် ရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ၂၀၀၉ ခုနှစ်တွင် သဘောတူညီချက်တစ်ခု ရရှိလုနီးပါးဖြစ်ခဲ့သော်လည်း အယ်လ်ဘေးနီးယား အခြေခံဥပဒေခုံရုံးနှင့် ၎င်းနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုအကြား ဥပဒေပိုင်းဆိုင်ရာ ထိပ်တိုက်အငြင်းပွားမှုများရှိခဲ့ပြီးနောက် ရှေ့ဆက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment