တူရကီနိုင်ငံ၏ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်သော အဓိကကုမ္ပဏီဖြစ်သည့် Baykar ကုမ္ပဏီသည် Bayraktar Kizielma အမည်ရှိ မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်၏ ပထမဆုံးသောရှေ့ပြေးပုံစံကို ပြီးပြည့်စုံသည့်အဆင့်တစ်ရပ်သို့ ရောက်ရှိ စေခဲ့ပြီဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်၏ အလေးချိန်သည် ၆ တန်ရှိရန် ရည်ရွယ်ထားပြီး ဝန်တင်ဆောင်မှုပမာဏအနေဖြင့် ၁,၅၀၀ ကီလိုဂရမ် (၃,၃၀၆ ပေါင်) အထိ သယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းမောင်းသူမဲ့လေယာဉ်သည် မစ်ရှင်ဆောင်ရွက်ရာတွင် အကွာအဝေး ၅၇၅ မိုင်အထိခရီးနှင်နိုင်စွမ်းရှိပြီး ၅ နာရီကြာ ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment