NHK; Mar-2 (Wed)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သည် ၎င်းတို့၏ တပ်ဖွဲ့အချို့အား ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ရိုမေးနီးယားနိုင်ငံသို့ မတ်လ ၁ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း NHK သတင်းဌာနက မတ်လ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လျက် ရှိခြင်းကြောင့် အရှေ့ဥရောပဒေသရှိ ၎င်းတို့အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စတိုတန်ဘတ် (Jens Stoltenberg)က ပြောကြားခဲ့ပါသည်။ NATO အဖွဲ့အနေဖြင့် ၎င်း၏မဟာမိတ် အဖွဲ့ဝင်နိုင်ငံများကိုကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များအားဥရောပအရှေ့ပိုင်းတွင် တိုးမြှင့် ချထားရန် မြောက်အတ္တလန္တိတ်ကောင်စီ အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံနေဖြင့်လည်း ဂျာမနီနိုင်ငံသို့ တပ်ဖွဲ့ဝင် ၇၀၀၀ ဦးကျော်တပ်ဖြန့်သွားရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် အမိန့်ပေးခဲ့ပါသည်။ NATO အနေဖြင့် အရှေ့ဥရောပဒေသရှိ NATO စစ်အခြေခံစိုက်စခန်းများဖြစ်သည့် ရိုမေးနီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့တွင် NATO တပ်ဖွဲ့ဝင်များအား တိုးမြှင့်တပ်ချထားခြင်းနှင့် စစ်လက်နက်ပစ္စည်းများပို့ဆောင် ခြင်းတို့ လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်၍ NATO အနေဖြင့်ဥရောပအရှေ့ပိုင်းရှိ ၎င်း အဖွဲ့ဝင်နိုင်ငံများအား ရုရှား၏စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်ရေး အတွက် ကြိုတင်စစ်ရေးပြင်ဆင်မှုများတိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် NATO အဖွဲ့နှင့် ရုရှားနိုင်ငံအကြားတင်းမာမှုများ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment