အမေရိကန်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန် (Antony Bliken) က မတ်လ ၅ ရက်တွင် ပြောကြားခဲ့ ကြောင်း Anadolu Agency သတင်းဌာနက မတ်လ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင် မဟာမိတ်နိုင်ငံများ၏ ပိုင်နက်နယ်မြေအား ကာကွယ်ရေးအတွက် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း ဘလင်ကန်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစတင်ကာ ၎င်းတို့၏တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများအား ပိုလန် နိုင်ငံတွင် တပ်ဖြန့်ချထားခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ပိုလန်နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment