ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki)၊ ချက်ဝန်ကြီးချုပ် ပီတာဗီရာလာ (Petr Fiala) နှင့် ဆလိုဗေးနီးယားဝန်ကြီးချုပ် ဂျနက်ဇ်ဂျန်ဆာ (Janez Jansa) တို့သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် တွေ့ဆုံရန် မတ်လ ၁၅ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ပိုလန်အစိုးရက ထုတ်ပြန်ချက်တစ်ခု တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့သုံးဦးသည် ဥရောပကောင်စီ၏ ကိုယ်စားလှယ်များ အဖြစ် လာရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ခရီးစဉ်ကို ဥရောပကောင်စီ၏အကြီးအကဲ ချားလ်မီချယ် (Charles Michel)၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ အူဆလာဗွန်ဒါလီယန် (Ursula Von Der Leyen) တို့နှင့် သဘော တူညီမှုရရှိ၍ စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။
No comments:
Post a Comment