တူရကီနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိမြှင့်တင်သွားရန် ကြိုးပမ်းလျက်ရှိသည်ဟု တူရကီ သမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ကြောင်း TRT World သတင်းဌာနက မတ်လ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံကျော်အထိရှိကာ ၇၂ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာခဲ့ကြောင်း အာဒိုဂန်က ဥဇဘက်ကစ္စတန်သမ္မတ ရှပ်ကတ် မီဇီရိုရက်ဗ် (Shavkat Mirziyoyev) နှင့်အတူပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့ရည်မှန်းချက်များအတိုင်း တစ်နှစ်အတွင်း ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၅ ဘီလီယံအထိရောက်ရှိရန် အချိန်တိုအတွင်းလုပ်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်မည့် ပူးတွဲဆောင်ရွက်မှု များဖြင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment