Saturday, March 12, 2022

တူရကီနှင့်ဂရိသမ္မတတို့သည် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်း

 

AA; Mar-13 (Sun)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂရိ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) တို့သည် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေးအတွက် မတ်လ ၁၃ ရက်တွင် တူရကီနိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း AA သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်၊၊ အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲလာမှု များ၊ ရုရှား-ယူကရိန်းအရေးကိစ္စများအပါအဝင် နှစ်နိုင်ငံစီးပွားရေးအခန်းကဏ္ဍဆိုင်ရာ စွမ်းအင်နယ်ပယ်တွင် တိုးမြှင့်ပူးပေါင်းမှုများ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ပါသည်။ ဂရိနိုင်ငံမှ တင်သွင်းသောကုန်ပစ္စည်းအများစုမှာ ရေနံဓာတုပစ္စည်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများဖြစ်ကြောင်းနှင့် ပို့ကုန်အများစုမှာ အသင့်ဝတ်အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စက်ယန္တရားများ၊ ကောက်ပဲသီးနှံများနှင့် ပဲမျိုးစုံတို့ပါဝင် ပါသည်။ တူရကီနိုင်ငံမှ ဂရိနိုင်ငံသို့ အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဓာတု ဗေဒပစ္စည်းများ၊ သံမဏိ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကားများနှင့် အထည်အလိပ်တို့ဖြစ်ပါသည်။

တူရကီနှင့်ဂရိနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်ရှိကြောင်းနှင့် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ         ၆ ဘီလီယံထိတိုးမြှင့်နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံခန့်သို့ ကျဆင်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် တူရကီနိုင်ငံမှ ဂရိနိုင်ငံသို့ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံခန့်ရှိကြောင်းနှင့် တူရကီနိုင်ငံသို့သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံခန့်ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ တူရကီနိုင်ငံတွင် ဂရိနိုင်ငံအနေဖြင့် နိုင်ငံတကာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်ရှိကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ကုန်သွယ်မှုပမာဏအား အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်အထိ တိုးမြှင့်နိုင်ရန် ဆန္ဒ ရှိကြောင်း သိရှိရပါသည်။

Ref; Turkive, Greece eye $ 7b bilateral trade volume

No comments:

Post a Comment