Monday, March 7, 2022

အမေရိကန်အနေဖြင့် ယူကရိန်းစစ်ဘက်အတွက် ပိုလန်တိုက်လေယာဉ်များ ပေးပို့နိုင်ရန် လုပ်ဆောင်လျက်ရှိခြင်း

 

Independent; Mar-7 (Mon)

              အမေရိကန်နိုင်ငံသည် ပိုလန်တိုက်လေယာဉ်အချို့အား ယူကရိန်းထံ ပေးပို့ နိုင်မည့် သဘောတူညီချက်တစ်ရပ်ရရှိရန် လုပ်ဆောင်လျက်ရှိပြီး ၎င်းအစီအစဉ်နှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က မတ်လ ရက်တွင် မော်လ်ဒိုဗာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားခဲ့ကြောင်း Independent သတင်းဌာနက မတ်လ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်အနေဖြင့် ပိုလန်မှ ယူကရိန်းသို့ တိုက်လေယာဉ်များ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိပြီး ပေးပို့မည့်အချိန် ကိုမူ အတိအကျပြောကြားနိုင်ခြင်းမရှိသေးကြောင်း ဘလင်ကန်က ပြောကြားခဲ့ ပါသည်။ အပြီးသတ်အတည်မပြုရသေးသည့် အဆိုပြုချက်အရ ပိုလန်အနေဖြင့် ၎င်း၏ ဆိုဗီယက်ခေတ် MiG တိုက်လေယာဉ်များကို ယူကရိန်းစစ်ဘက်ထံ ပေးပို့သွားမည် ဖြစ်ပြီး ၎င်းတိုက်လေယာဉ်များနေရာတွင် အမေရိကန်က ၎င်းတို့နိုင်ငံထုတ် F-16 တိုက်လေယာဉ်များဖြင့် အစားထိုးနိုင်ရန် ပေးအပ်သွားမည်ဖြစ်ပါသည်။ ယူကရိန်း လေယာဉ်မှူးများသည် ရုရှားထုတ်တိုက်လေယာဉ်များကိုအသုံးပြုရန် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ရသဖြင့် ဆိုဗီယက်ခေတ်လေယာဉ်များသည် ယူကရိန်းအတွက် အချို့သော နည်းလမ်းများတွင် ပိုမိုအသုံးဝင်လျက်ရှိပါသည်။

                အထပ်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အမေရိကန်နှင့် NATO အဖွဲ့တို့သည် အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အမည်မဖော် လိုသည့် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံများအနေဖြင့် စစ်ရေးအကူအညီများ ထပ်မံပေးအပ်သွားရန် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) က တောင်းဆိုခဲ့ပြီး မတ်လ ရက်တွင်လည်း အမေရိကန်လွှတ်တော်အမတ်များနှင့် Zoom ဖြင့် ဆွေးနွေးမှုမှတစ်ဆင့် တိုက်လေယာဉ်များ ထပ်မံတောင်းဆိုခြင်း၊ ရုရှားမှ ရေနံတင်သွင်းမှုကို တားမြစ်ခြင်းနှင့် ယူကရိန်းနိုင်ငံအား လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးနိုင်ရေးအတွက် တောင်းဆို ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် အမေရိကန်လွှတ်တော်အမတ် ဘရက်ဒ်ရှာမန် (Brad Sherman) ရှင်းလင်းပြောကြားချက်အရ ပိုလန်ထုတ်တိုက်လေယာဉ်များနှင့် ပတ်သက်သည့် အဆိုပြုချက်သည် ဆွေးနွေးမှု၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment