Friday, March 11, 2022
ကာဇက်စတန်နှင့် အက်စတိုနီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး
မူကတာတလရူဘာဒီ
(Mukhtar Tileuberdi) နှင့် အက်စတိုနီးယားနိုင်ငံခြားရေးဝန်ကြီး အီဗာမာရီယာလီမတ်စ် (Eva-Maria
liimets) တို့သည်
တယ်လီဖုန်းမှတစ်ဆင့်
ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း Kazin Form သတင်းဌာနက မတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာကိစ္စရပ်များ၊ ယူကရိန်းနိုင်ငံ၌
လက်ရှိဖြစ်ပွားလျက်ရှိသော
အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါသည်။ နှစ်နိုင်ငံအကြား
ယခုနှစ်တွင်ပြည့်မြောက်မည့်
သံတမန်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်အတွက်လုပ်ဆောင်မည့်
ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း အတူတကွညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည့်အပြင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအားလုံးအတွက်
တွေ့ဆုံဆွေးနွေးမှုများ
ဆက်လက် ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
Labels:
နိုင်ငံရေး,
အက်စတိုးနီးယား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment