Nypost; Mar-4 (Fri)
အမေရိကန်ဒုတိယသမ္မတ ကာမလာဟားရစ် (Kamala Harris) သည် မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဟားရစ်အနေဖြင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးသွားရောက်ခြင်းသည် ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ စစ်ရေးတိုက်ခိုက် မှုများပြုလုပ်နေစဉ်အတွင်း NATO အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို ပြသရန်နှင့် ရုရှား၏တိုက်ခိုက်မှုများကိုရင်ဆိုင်ရာတွင် ဥရောပအရှေ့ပိုင်းစစ်နံရှိ မဟာမိတ် များအပေါ် အမေရိကန်၏ထောက်ခံမှုကို ပြသရန်အတွက် သွားရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ပါသည်။ ထို့ပြင် ယူကရိန်းပြည်သူများအပေါ် ထောက်ပံ့ရန် အတွက် မဟာမိတ်နိုင်ငံများ၏ စုပေါင်းကြိုးပမ်းမှုများကို ပြသသည့်အနေဖြင့်လည်း သွားရောက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားခဲ့ပါသည်။
အထက်ပါခရီးစဉ်အတွင်း ဟားရစ်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ ယူကရိန်းအပေါ် ရုရှား၏စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင် မဟာမိတ်များ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအား ရှေ့ဆက်လုပ်ဆောင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်ရေးအပါအဝင် ရုရှားအပေါ် ပြင်းထန်သည့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden ) နှင့် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) တို့အကြား မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် တယ်လီဖုန်း ခေါ်ဆိုမှုအပြီးတွင် ဟားရစ်၏ အထက်ပါခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment