Sunday, March 13, 2022

ဆားဘီးယားနိုင်ငံအနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်သွားမည်မဟုတ်ကြောင်း ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း

 


Tass; Mar-13 (Sun)

              ဆားဘီးယားနိုင်ငံအနေဖြင့် စစ်ရေးဆိုင်ရာနှင့်ပတ်သက်၍ ကြားနေနိုင်ငံ အဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် NATO အဖွဲ့သို့ ဝင်ရောက် သွားမည်မဟုတ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) က မတ်လ ၁၃ ရက်တွင်ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက ဖော်ပြ ခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၊ ဘက်ကာပါလန်ကာ (Backa Palanka) မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဏာရ Serbian Progressive ပါတီ၏ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးမိန့်ခွန်းပြောကြားစဉ် ဗူစစ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ပါသည်။  ထို့ပြင် ၎င်းအနေဖြင့် သမ္မတတာဝန်အား ဆက်လက်ထမ်းဆောင် ရပါက နိုင်ငံ၏စစ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် နိုင်ငံကိုကာကွယ်ရန်အတွက် စစ်ရေးစွမ်းရည်ခိုင်မာအောင်ဆောင်ရွက်ရာ တွင် ပြည်သူများမှလွဲ၍ မည်သူကိုမျှ အားကိုသွားမည်မဟုတ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့ပါသည်။

              ယူကရိန်း-ရုရှား ပဋိပက္ခများဖြစ်ပွားလျက်ရှိသော်လည်း နိုင်ငံ၏အမျိုးသား လေကြောင်းလိုင်းဖြစ်သည့် Air Serbia လေကြောင်းလိုင်းသည် ရုရှားနှင့် ၎င်းတို့နိုင်ငံ အကြား လေကြောင်းခရီးစဉ် အကြိမ်အရေအတွက်အား ၂ ဆ တိုးမြှင့်ခဲ့မှုနှင့်ပတ်သက်၍ ပြင်းထန်သည့် ပြစ်တင်ဝေဖန်မှုများခံနေရကြောင်း၊ သို့သော် ဆားဘီးယားနိုင်ငံမှ ရုရှား နိုင်ငံသို့သွားရောက်သည့် လေကြောင်းခရီးစဉ်အရေအတွက်အား တစ်ရက်လျှင် တစ်ကြိမ်သာ လျှော့ချသွားမည်ဖြစ်ကြောင်း သမ္မတ ဗူစစ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆားဘီးယား နိုင်ငံသည် လက်ရှိအချိန်တွင် ဥရောပ၌ ရုရှားနှင့် လေကြောင်းလိုင်းဆက်သွယ်မှုရှိသည့် တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ယူကရိန်းလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အီမိုင်းဒက်ပါ (Emine Dzheppar) က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment