တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အနေဖြင့် အရှေ့အလယ်ပိုင်းရှိ ခေါင်းဆောင်များအား အကြမ်းဖက်မှုများ မြင့်တက်လာမှုနှင့် ပတ်သက်၍ ပြောကြားခဲ့စဉ်အတွင်း ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် ထောင်ပေါင်းများစွာသော ပြည်သူများသည် တူရကီနိုင်ငံ၏မြို့တော်၊ အန်ကာရာ (Ankara) ရှိ အစ္စရေးသံရုံးနှင့် ကောင်စစ်ဝန်ရုံး အပြင်ဘက်၌ မေလ ၁၀ ရက်တွင် စုရုံးမှုများဖြစ်ပွားခဲ့ပါသည်။ အာဒိုဂန်သည် ဂျော်ဒန် ဘုရင်၊ ကူဝိတ်စော်ဘွား၊ ပါလက်စတိုင်းသမ္မတနှင့် ဟာမက်စ်အဖွဲ့ခေါင်းဆောင်တို့နှင့် တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည်လည်း အီရန်၊ အယ်လ်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့် အထက်ပါကိစ္စရပ်နှင့်ပတ်သက်၍ ပြောဆို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment