Thursday, May 13, 2021

ဂျာမနီနှင့်ပိုလန်တို့သည် ၎င်းတို့၏လေပိုင်နက်များအား အပြန်အလှန် ကာကွယ်စောင့်ရှောက်ရန် သဘောတူညီမှုရရှိခဲ့ခြင်း

Janes; May-14( Fri)
        ဂျာမနီနှင့်ပိုလန်နိုင်ငံတို့သည် ၎င်းတို့၏တိုက်လေယာဉ်များအား အရေးပေါ် အခြေအနေ၌ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပျံသန်းခွင့်ပြုရန် သဘောတူညီမှုရရှိခဲ့ကြ ကြောင်း မေလ ၁၃ ရက်တွင် Janes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီမှုအား ဂျာမနီကာကွယ်ရေးဝန်ကြီး အန်နီဂရက်ခရမ့်ကာရန်ဘောင်ရာ (Annegret Kramp-Karrenbauer) နှင့် ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Błaszczak) တို့က ပိုလန်မြို့တော် ဝါဆော(Warsaw)တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး မေလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံလေပိုင်နက်အတွင်း ဂျာမနီနိုင်ငံလေတပ်မှ Eurofighters တိုက်လေယာဉ်များအား ဖြတ်ကျော်ပျံသန်းခွင့်နှင့် ဂျာမနီနိုင်ငံလေပိုင်နက်အတွင်း ပိုလန်နိုင်ငံ၏ F-16 Fighting Falcon အမျိုးအစားဘက်စုံသုံးတိုက်လေယာဉ်နှင့် MiG-29 အမျိုးအစားတိုက်လေယာဉ်များအား ဖြတ်ကျော်ပျံသန်းမှုတို့အား ခွင့်ပြု သွားရမည်ဖြစ်ပါသည်။
        အဆိုပါသဘောတူညီမှုသည် အနာဂတ်ကာလ၌ ၎င်းတို့၏လေပိုင်နက်များ အတွင်း ပူးတွဲစစ်ဆင်ရေးတာဝန်များထမ်းဆောင်နိုင်ရန် သဘောတူညီခဲ့ခြင်း ဖြစ် ကြောင်း ဂျာမနီဗဟိုလေကြောင်း စစ်ဆင်ရေးဌာနချုပ်၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ကလော့ဟာဘာဆက်ဇာ (Klaus Habersetzer)က ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှုသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက်သာမက နေတိုးအဖွဲ့၏ အနာဂတ်အလားအလာအတွက်ပါ ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် နေတိုးအဖွဲ့၏အဆင့်မြှင့်တင်ထားသော လေကြောင်းမူဝါဒဆိုင်ရာမစ်ရှင် (Air Policing Mission) ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ဟာဘာဆက်ဇာက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment