Saturday, May 8, 2021

တူရကီနိုင်ငံသည် ပထမဆုံးသော ပြည်တွင်းထုတ်လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့စစ်ရေယာဉ်မှ ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိခြင်း

AA ; May-9(Sun)

          တူရကီနိုင်ငံသည် ပထမဆုံးသော ပြည်တွင်းထုတ်လက်နက်တပ်ဆင်ထား သည့် မောင်းသူမဲ့စစ်ရေယာဉ်မှ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများအား စတင်ပြုလုပ်ရန် အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း မေလ ၈ ရက်တွင် AA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့ရေယာဉ်သည် ULAQ အမည်ရှိ မောင်းသူမဲ့စစ်ရေယာဉ်အား အဆင့် မြှင့်တင်ထုတ်လုပ်ထားသော SIDA အမည်ရှိ မောင်းသူမဲ့စစ်ရေယာဉ်တစ်စင်းဖြစ် ပါသည်။ ၎င်းစစ်ရေယာဉ်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ၊ အန်တယ်ရာ (Antalya) မြို့၌ Ares Shipyard သင်္ဘောကျင်းနှင့် Meteksan Defense ကုမ္ပဏီတို့က ပူးတွဲထုတ်လုပ်ခဲ့ကြပါသည်။ ယခုအခါတွင် ထုတ်လုပ်ပြီးစီးပြီးဖြစ်သော အဆိုပါ စစ်ရေယာဉ်သည် ရေမိုင်ပေါင်း ၄၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး တစ်နာရီလျှင် ၆၅ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်စွမ်းရှိပါသည်။ ထို့ပြင် လျှို့ဝှက်ထောက်လှမ်း ဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ နေ့နှင့်ညပါ မောင်းနှင်နိုင်စွမ်း ရှိခြင်းနှင့် ကွပ်ကဲထိန်းချုပ်နိုင်သောစနစ်ပါရှိပြီး ထောက်လှမ်းရေးလုပ်ငန်းများပါဆောင်ရွက် နိုင်စွမ်းရှိသော မောင်းသူမဲ့စစ်ရေယာဉ်အမျိုးအစားဖြစ်ပါသည်။

        အဆိုပါစစ်ရေယာဉ်၌ တူရကီနိုင်ငံထုတ် ဒုံးလက်နက်တီထွင်ထုတ်လုပ်သူ ရောကတ်ဆန် (Roketsan) ၏ တာဝေးပစ်တင့်ဖျက်ဒုံးအား တပ်ဆင်ထားလျက်ရှိပါ သည်။ ၎င်းစစ်ရေယာဉ်ဖြင့် သဏ္ဌာန်တူပစ်ခတ်မှုများအား အောင်မြင်စွာပြုလုပ်နိုင် ခဲ့ပြီးဖြစ်ကြောင်းနှင့် လာမည့်ရက်များအတွင်း ကျည်စစ်ကျည်မှန်များအသုံးပြု၍ စတင် စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Ares Shipyard သင်္ဘောကျင်း၏ အမှုဆောင်အရာရှိ အက်ကုအလန့်စ် (Utku Alanc)က ပြောကြားခဲ့ပါသည်။ တူရကီ ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ မဟာမိတ်နိုင်ငံများကိုလည်း အဆိုပါ မောင်းသူမဲ့စစ်ရေယာဉ်များအား စတင်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး များအတွက် မောင်းသူမဲ့ရေယာဉ်ပေါင်း ၅၀ ကျော်အား ထပ်မံထုတ်လုပ်နိုင်စွမ်းရှိ ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အထက်ပါမောင်းသူမဲ့စစ်ရေယာဉ်သည် တူရကီ နိုင်ငံ၏ရေပိုင်နက်လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Meteksan Defense ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ အက်ဒဲတိုရမ် (Erdal Torun) ၏ ပြောကြားချက်အရ သိရှိရပါသည်။
 

သုံးသပ်ချက်

       တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် တည်ဆောက် ခဲ့သော  ULAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်အား အဆင့်မြှင့်တင်ထုတ်လုပ်ထားသော ပထမဆုံးသော လက်နက်တပ်ဆင်ထားသည့် SIDA အမည်ရှိ မောင်းသူမဲ့စစ်ရေယာဉ် ဖြင့် ဒုံးကျည်များစတင်ပစ်ခတ်ရန် အသင့်ဖြစ်လျက်ရှိပါသည်။ အဆိုပါ SIDA စစ်ရေယာဉ်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ၊ အန်တယ်ရာ(Antalya) မြို့၌ Ares Shipyard သင်္ဘောကျင်းနှင့် Meteksan Defense ကုမ္ပဏီတို့က ပူးတွဲ တည်ဆောက်ခဲ့ကြပါသည်။ ယခုအခါတွင် ထုတ်လုပ်တည်ဆောက်ပြီးဖြစ်သော အဆိုပါ စစ်ရေယာဉ်သည် ရေမိုင်ပေါင်း ၄၀၀ ကီလိုမီတာအထိ မောင်းနှင်းနိုင်ပြီး တစ်နာရီလျှင် ၆၅ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်းနိုင်စွမ်းရှိပါသည်။ ထို့ပြင် လျှို့ဝှက်ထောက်လှမ်း ဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ နေ့နှင့်ညပါ မောင်းနှင် နိုင်စွမ်းရှိခြင်းနှင့် ကွပ်ကဲထိန်းချုပ်နိုင်သောစနစ်ပါရှိပြီး ထောက်လှမ်းရေးလုပ်ငန်း များပါ ဆောင်ရွက်နိုင်စွမ်းရှိသော  မောင်းသူမဲ့စစ်ရေယာဉ်အမျိုးအစားဖြစ်ပါသည်။  ရေတပ်စခန်းဋ္ဌာနချုပ်၊ လေယာဉ်တင်သင်္ဘောတို့မှတစ်ဆင့် ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်ပါသည်။ ၎င်းစစ်ရေယာဉ်ဖြင့် သဏ္ဌာန်တူပစ်ခတ်မှုများအား အောင်မြင်စွာပြုလုပ် နိုင်ခဲ့ပြီးဖြစ်ရာ လာမည့်ရက်များအတွင်း ကျည်စစ်ကျည်မှန်များအသုံးပြု၍ စတင် ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ တူရကီကာကွယ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်နှင့်အညီ မဟာမိတ်နိုင်ငံများအား မောင်းသူမဲ့စစ်ရေယာဉ်များ စတင် ရောင်းချသွားမည်ဖြစ်ပြီး  စစ်ဆင်ရေးများအတွက်  မောင်းသူမဲ့ရေယာဉ်ပေါင်း၅၀ ကျော် အား ထပ်မံထုတ်လုပ်နိုင်စွမ်းရှိကြောင်း Ares Shipyard သင်္ဘောကျင်း၏ အမှုဆောင် အရာရှိ အက်ကုအလန့်စ် (Utku Alanc)က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ ရေပိုင်နက်လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန် ၎င်းမောင်းသူမဲ့စစ်ရေယာဉ်အား ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မောင်းသူမဲ့စစ်ရေယာဉ် ထုတ်လုပ်နိုင်မှုနှင့် ဒုံးကျည်ပစ်ခတ်မှုများစတင်ပစ်ခတ်ရန် အသင့်အနေအထားရှိမှုတို့ သည် တူရကီနိုင်ငံ၏ ရေတပ်အင်အားအတွက် မဟာဗျူဟာကျသော အားသာမှုမျိုး ရရှိစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

No comments:

Post a Comment