Monday, May 10, 2021

နေတိုးထိပ်သီးအစည်းအဝေးအားရုပ်သိမ်းခဲ့ခြင်း


        နေတိုးထိပ်သီးဆွေးနွေးပွဲအား မကြာမီကာလတွင် ပြုလုပ်မည်ဖြစ်ရာ နေတိုးအဖွဲ့၏ ကာကွယ်ရေးစွမ်းရည်ကိုတိုးမြှင့်ရန် ဆက်လက်ဆောင်ရွက်မည့် ဆုံးဖြတ်ချက်များ ခိုင်မာ စေရေးအတွက် နေတိုးထိပ်သီးအစည်းအဝေးတွင်ပါဝင်မည့် နိုင်ငံများကိုထောက်ပံ့ပေးရေး ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ကာ Bucharest Nine(B9) ထိပ်သီးအစည်းအဝေး အား မေလ ၁၀ ရက်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်အရ B9 နိုင်ငံ့ခေါင်းဆောင်များသည် နေတိုး၏ တံခါးဖွင့်မူဝါဒအပေါ်ထားရှိသည့် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။ ထို့ပြင် နေတိုးအသိုက်အဝန်းသို့ ဝင်ရောက်ရန် ဆန္ဒရှိသည့်နိုင်ငံများအတွက် နေတိုး၏ တံခါးဖွင့်မူဝါဒအား ဆက်လက် ကိုင်စွဲထားသင့်ကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့ပါသည်။ B9 အဖွဲ့အား ရိုမေးနီးယားနှင့် ပိုလန်နိုင်ငံသမ္မတတို့က စတင်ပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နေတိုးအဖွဲ့၏ ဥရောပအရှေ့ပိုင်းနိုင်ငံများက ပူးပေါင်းပါဝင်ခဲ့ကြပြီး ပထမဆုံးအကြိမ်ထိပ်သီးအစည်းအဝေး အား ၂၀၁၅ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment