Wednesday, May 5, 2021

တူရကီသည် HISAR-A+ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဖြင့် စစ်ဆင်ရေးဆိုင်ရာစမ်းသပ်မှုပြုလုပ်ခဲ့ခြင်း

ArmyRecognition;May-5 (wed)

        တူရကီကာကွယ်ရေးကုမ္ပဏီ Aselsan မှထုတ်လုပ်သည့် Hisar A+ အမည်ရှိ တာတိုနှင့်တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များဖြင့် မြန်နှုန်းမြင့် ဝေဟင်ပစ်မှတ်များအား ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်တွင် စမ်းသပ်ပစ်ခတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေးအသင်း SSB မှထုတ်ပြန်ခဲ့သည့် သတင်းအချက် အလက်များတွင် ဖော်ပြခဲ့ပါသည်။ HISAR-A+ ၏ ပထမအကြိမ်စမ်းသပ်ပစ်ခတ်မှု၌ စွမ်းဆောင်ရည်မြင့်မားသော ရှာဖွေရေးဆိုင်ရာရေဒါနှင့် ဒုံးကျည်စနစ်များအားအသုံးပြု ခဲ့ခြင်းကြောင့် မြန်နှုန်းမြင့်လေကြောင်းပစ်မှတ်များအား အပြည့်အဝဖျက်ဆီးနိုင်ခဲ့ပါသည်။ စမ်းသပ်ပစ်ခတ်မှုအား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှစ၍ Aksaray စက်ပစ်ကွင်း၌ ပြုလုပ်ခဲ့ပြီး တူရကီ FNSS ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပြုလုပ်ထားသည့် ACV-30 အမျိုးအစား သံချပ်ကာယာဉ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပါသည်။

        HISAR-A+ သည် HISAR-A ဒုံးကျည်အား အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် လေကြောင်းပစ်မှတ်များအား အများဆုံးအကွာအဝေး ၁၅ ကီလိုမီတာနှင့် အမြင့်ဆုံး ၈ ကီလိုမီတာအထိ ပစ်ခတ်နိုင်ကာ ယခင်ကထက် ၃ ကီလိုမီတာပို၍ ထိရောက် စေမည်ဖြစ်ပါသည်။ HISAR-A အား တူရကီကာကွယ်ရေးကုမ္ပဏီ ၃ ခုဖြစ်သည့် Aselsan၊ Roketsan နှင့် FNSS ကုမ္ပဏီများမှ ပူးပေါင်း၍ထုတ်လုပ်ထားခြင်းဖြစ် ပါသည်။ Hisar-A+ လောင်ချာတွင် အသင့်ပစ်ခတ်နိုင်ရန်အတွက် ဒုံးကျည် ၄ စင်း တပ်ဆင်ထားပြီး Hisar-A+ ၏ ရွေ့လျားနိုင်သည်ယာဉ်စနစ်တွင် သုံးဖက်မြင်(3D)စနစ် ပါရှိသည့် ရှာဖွေရေးရေဒါနှင့် ထိန်းချုပ်မှုနှင့် ကွပ်ကဲမှုစနစ်များ၊ အနီအောက်ရောင်ခြည် အာရုံခံစနစ်များ၊ လေဆာရောင်ခြည်စက်နှင့် ဒေတာချိတ်ဆက်မှုစနစ်များအား အခြေခံ၍ ဒီဇိုင်းရေးဆွဲထားပြီး ရန်သူ/မိတ်ဆွေခွဲခြားနိုင်သည့် IFF စနစ်များ တပ်ဆင်ထားရှိ ပါသည်။ ယာဉ်ပေါ်တွင်တပ်ဆင်ထားသည့် ရေဒါစနစ်ကြောင့် Hisar-A အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် ၂၅ ကီလိုမီတာအကွာအဝေးရှိ လေကြောင်း ဆိုင်ရာခြိမ်းခြောက်မှုများအား ရှာဖွေတွေ့ရှိနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment