Anadolu Agency; May-27(Thu)
တူရကီနိုင်ငံသည် အချို့သော လက်တင်အမေရိကနိုင်ငံများဖြစ်သည့် ကော်စတာရီကာ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ မက္ကဆီကို၊ ပနားမားနှင့် ပီရူးနိုင်ငံ တို့၏ လွတ်လပ်ရေးရရှိခဲ့သည့် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘရာဇီးလ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၌လည်းကောင်း၊ တူရကီနိုင်ငံ၌ ၂၀၂၃ ခုနှစ်၌လည်းကောင်း ပြည့်မြောက်မည့် နှစ်(၁၀၀)ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် အဆိုပါ လက်တင်အမေရိကဒေသနိုင်ငံများ၏ သံတမန်အကြီးအကဲများသည် တူရကီနိုင်ငံရှိ Mustafa Kemal Ataturk ဂူဗိမာန်တွင် အောက်မေ့ဖွယ်အခမ်းအနားနှင့်အတူ ၎င်းတို့နိုင်ငံများ၏အထိမ်းအမှတ် အခမ်းအနား များအား စတင်ကျင်းပခဲ့ကြကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။
တူရကီနိုင်ငံအနေဖြင့် လက်တင်အမေရိကဒေသတွင်းနိုင်ငံများနှင့် သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ နှစ်ပေါင်းများစွာ ကြာမြင့်လျက်ရှိပြီဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း တူရကီ၏ လက်တင်အမေရိကဒေသနိုင်ငံများအပေါ် နေရပ်ဒေသကျော် ကူညီ ထောက်ပံ့ရေးမူဝါဒကြောင့် ၎င်းတို့၏နိုင်ငံများအကြား ဆက်ဆံရေးမှာ ခိုင်မာအားကောင်း၍ တိုးတက်မှုများရှိခဲ့ပြီး တူရကီ၏ မဟာဗျူဟာမြောက်ကဏ္ဍတစ်ရပ်ဖြစ်လာခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါနိုင်ငံများနှင့်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကိုအခြေခံ၍ ထပ်မံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုးတက်မှု၏အလားအလာများကို မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းကိုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment