Duvarenglish; May-11 (Tue)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖာဆယ်လ်ဘင်ဖာဟန်အယ်လ်ဆော့ဒ် (Faisal bin Farhan Al Saud) တို့သည် မေလ ၁၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီရက်ဒ် (Riyadh) ၌ တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း တူရကီနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် အငြင်းပွားမှုများအား ဖြေရှင်းရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဂျေရုစလင်နှင့် ဂါဇာရှိ အစ္စရေး တို့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ဆော်ဒီသတင်းထောက် ဂျမယ်ခါရှော့ဂျီ (Jamal Khashoggi) သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ၂၀၁၈ ခုနှစ်က သတ်ဖြတ်ခံခဲ့ရမှုကြောင့် နှစ်နိုင်ငံအကြား ဖြစ်ပွား လျက်ရှိသည့် အငြင်းပွားမှုများအား ဖြေရှင်းရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် တူရကီထုတ်ကုန်ပစ္စည်းများအပေါ် သပိတ်မှောက်မှုများပြုလုပ်ခဲ့ခြင်းတို့အား ဖြေရှင်း နိုင်စေရန်ရည်ရွယ်၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား ဆွေးနွေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။ အာရပ် အဖွဲ့ချုပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချခဲ့ပြီး ဂျေရုစလင်ရှိ ပါလက်စတိုင်းလူမျိုးများအပေါ် အကြမ်းဖက်မှုများအား ချက်ချင်း ရပ်တန့်နိုင်ရေး အရေးတကြီးလုပ်ဆောင်သွားရန်အတွက်လည်း နိုင်ငံတကာအသိုက် အဝန်းအား တောင်းဆိုခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးကိုသာ ဆွေးနွေးခြင်းမဟုတ်ဘဲ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation-OIC) နှင့် အာရပ်အဖွဲ့ချုပ်တို့၌ ၎င်းတို့လုပ်ဆောင်သွားမည့် ကိစ္စရပ်များအပါအဝင် အခြားသောဒေသတွင်းဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment