ဆိုက်ပရပ်စ်နိုင်ငံတွင် မေလ ၃၀ ရက်က လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ၁၅ ခုမှ ကိုယ်စားလှယ်လောင်း ၆၅၈ ဦးဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၁,၁၆၆ ရုံ ဖွင့်လှစ်ထားရှိပြီး နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ မဲပေးနိုင်ရန်သတ်မှတ်ခဲ့ပါသည်။ ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအနက် ၁၆၀ ဦးမှာအမျိုးသမီးများဖြစ်ပါသည်။ ဆိုက်ပရပ်စ် လွှတ်တော်၌ သာမန်အားဖြင့် အမတ်နေရာ ၈၀ ရှိသော်လည်း အမတ်နေရာ ၅၆ နေရာ ကိုသာ ဆိုက်ပရပ်စ်ကိုယ်စားလှယ်လောင်းများက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။ ကျန်ရှိ သည့် အမတ်နေရာ ၂၄ နေရာကို တူရကီလူမျိုးများအတွက် သီးခြားထားရှိသော်လည်း ၁၉၆၄ ခုနှစ်မှစ၍ ယခုထက်တိုင် လစ်လပ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment