Thursday, May 6, 2021

တူရကီနှင့်အီဂျစ်နိုင်ငံတို့အကြား ဆွေးနွေးပွဲများသည် လစ်ဗျားငြိမ်းချမ်းရေး ကြိုးပမ်းချက်အား အကျိုးသက်ရောက်မှုရှိခြင်း

Eurasiareview; May-6 (Thu)

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အနေဖြင့် အီဂျစ်နိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်ရန် စိတ်အားထက်သန်လျက်ရှိပြီး အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်မှုကိုတည်ဆောက်နိုင်ပြီး လစ်ဗျားတွင် စစ်ပွဲဖြစ်ပွားနေမှုများကိုလည်း အဆုံးသတ်နိုင်စေမည်ဖြစ်ပါသည်။ အီဂျစ်သမ္မတ မိုဟာမက်မော်စီ (Mohamed Morsi) အား ရာထူးမှဖြုတ်ချခဲ့ပြီး ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ်ဖာတက်အယ်စီစီ (Abdel-Fattah el-Sisi) ဦးဆောင်သော အီဂျစ်စစ်ဘက်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ တူရကီနှင့် အီဂျစ်တို့အကြားတွင် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော်လည်း တူရကီနိုင်ငံသည် မကြာသေးမီက အီဂျစ်အပါအဝင် အာရပ်ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ပြီး အာရပ်နိုင်ငံများအကြားတွင် သီးခြားဖြစ်ပေါ်နေသည့် ကွဲပြားခြားနားမှုများအား ကျော်လွှားသွားရန်အတွက် ကြိုးပမ်း ခဲ့ကြပါသည်။ 
     နှစ်နိုင်ငံဆွေးနွေးမှုအတွင်း ကုန်သွယ်ရေးဆိုင်ရာထောက်ပံ့မှုများ ဆောင်ရွက် နိုင်ရန်၊ တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ပြုလုပ်နိုင်ရန်အတွက် လစ်ဗျားရှိ အီဂျစ် သံရုံးအား ပြန်လည်ဖွင့်လှစ်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ကဏ္ဍမျိုးစုံတွင် ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်သွားရန် သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ပြင် လစ်ဗျား-အီဂျစ်ပူးတွဲအဆင့်မြင့်ကော်မတီအား ဖွင့်လှစ်ရန်နှင့် နှစ်နိုင်ငံအကြား (၁၁)ကြိမ်မြောက် ကျင်းပပြုလုပ်မည့်အစည်းအဝေးအား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ခြေလှမ်းတစ်ရပ်အနေဖြင့် ပြုလုပ်သွားရန်လည်း သဘောတူညီခဲ့ ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment