Wednesday, May 19, 2021

ပါလက်စတိုင်းအား စစ်ရေးအရထောက်ပံ့သွားရန် အသင့်ရှိကြောင်း တူရကီသမ္မတ ပြောကြားခဲ့ခြင်း

Mehrnews; May 18 (Tue)

        အစ္စရေး-ပါလက်စတိုင်းပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စီမံခန့်ခွဲရေးအုပ်ချုပ်မှုအဖွဲ့သစ်တစ်ဖွဲ့အားဖွဲ့စည်းသွားရန် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က တောင်းဆိုခဲ့ပြီး အစ္စရေး၏ အကြမ်းဖက် တိုက်ခိုက်မှုများမှလွတ်မြောက်ရေးနှင့် ပါလက်စတိုင်းအားကာကွယ်ရန် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် နိုင်ငံရေးနှင့်စစ်ရေးအရအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် မေလ ၁၇ ရက်တွင် မြို့တော်အန်ကာရာ၌ပြုလုပ်ခဲ့သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေးသည်ပါလက်စတိုင်းပြည်သူများ၏ ခုခံတိုက်ခိုက်မှုအား ထုတ်ဖော်ပြောကြားခြင်းဖြင့် ၎င်း၏လုပ်ရပ်များကို တရားဝင် ဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။

    Al-Aqsa ဗလီအား အစ္စရေး၏တိုက်ခိုက်မှုနှင့် ဒေသတွင်း ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခြင်းကိုလည်း အပြင်းအထန်ရှုတ်ချကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အနေဖြင့် အစ္စရေး နိုင်ငံအား လက်နက်ရောင်းချသွားရန်ခွင့်ပြုပေးခဲ့မှုကိုလည်း ၎င်းကအပြင်းအထန်ပြစ်တင်ဝေဖန် ခဲ့ပါသည်။ နှစ်နိုင်ငံအကြား ပဋိပက္ခများသည် Al-Aqsa ဗလီနှင့် ရှိတ်ဂျာရက်ဒေသ ဝန်းကျင်၌ ပါလက်စတိုင်းအခြေချနေထိုင်သူများအား အစ္စရေးကမ်းမြောင်တပ်ဖွဲ့မှ အပြင်းအထန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာမှစ၍ ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေးအနေဖြင့် မေလ ၁၀ ရက်မှစတင်၍ ဂါဇာကမ်းမြောင်ဒေသ၌တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၄၁ ဦးနှင့် အမျိုးသမီး ၂၃ ဦးအပါအဝင် ပြည်သူပေါင်း ၁၄၅ ဦးသေဆုံးခဲ့ပြီး ၁,၁၀၀ ဦးကျော်ထိခိုက်ဒဏ်ရာ များရရှိခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲအတွင်း အစ္စရေးသည် အရှေ့ ဂျေရုစလင်ကိုသိမ်းပိုက်ခဲ့ပြီး ၁၉၈၀ တွင် ဂျေရုစလင်တစ်မြို့လုံးအား သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိပါသည်။

No comments:

Post a Comment