Monday, May 31, 2021

ဆိုက်ပရပ်စ်အာဏာရပါတီသည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း

Xinhua; May-31(Mon)

    ဆိုက်ပရပ်စ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို အာဏာရဒီမိုကရက်တစ် စုရုံးခြင်း (Democratic Rally- DISY) ပါတီဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ယခင်ထက် မဲပေးသည့် ရာခိုင်နှုန်းအရေအတွက် သိသိသာသာလျော့ကျခဲ့ပြီး DISY ပါတီအနေဖြင့် မဲအားလုံး၏ ၂၇.၇၇ ရာခိုင်နှုန်း၊ လက်ဝဲယိမ်းအလုပ်သမားတိုးတက်ရေးပါတီ (Progressive Party of Working People-AKEL) အနေဖြင့် ၂၂.၃၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်အကြီးအကဲက မဲအားလုံးကိုရေတွက်ပြီးနောက် ထုတ်ပြန် ကြေညာခဲ့ပါသည်။ DISY ပါတီသည် လွှတ်တော်အမတ် ၅၆ နေရာ ရှိသည့်အနက် ယခင်အနိုင်ရရှိထားသည့် အမတ် ၁၈ နေရာအား ဆက်လက်ထိန်းသိမ်းနိုင်မည့်အပြင် ၂၀၁၆ ခုနှစ်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲထက် အမတ် ၁ နေရာပို၍ရရှိရန် ခန့်မှန်းထားပါသည်။ ၂၀၁၆ ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမဲပေးမှု အရေအတွက်နှင့် နှိုင်းယှဉ်ပါက DISY ပါတီအနေဖြင့် ၂.၉ ရာခိုင်နှုန်း၊ AKEL ပါတီ အနေဖြင့် ၃.၃ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ပါသည်။

    AKEL ပါတီသည် ဆန္ဒမဲပေးသူများအား လက်ခံယုံကြည်လာစေရန် လုပ်ဆောင် နိုင်စွမ်းမရှိသဖြင့် ပါတီအားထောက်ခံသည့် မဲအရေအတွက်သည် တစ်နှစ်ထက် တစ်နှစ်လျော့ကျလျက်ရှိကြောင်း ပါတီ၏အတွင်းရေးမှူးချုပ် အန်ရိုစ်ကေရီအန်နော့ (Antros Kyprianou) က ပြောကြားခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲသို့ ပါတီပေါင်း ၁၅ ခုမှ ကိုယ်စားလှယ်လောင်း ၆၅၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီအရေအတွက်နှင့် ကိုယ်စားလှယ်လောင်း အရေအတွက်သည် ရွေးကောက်ပွဲတစ်လျှောက် အများဆုံး အရေအတွက်ဖြစ်ပါသည်။ ဆိုက်ပရပ်စ်နိုင်ငံ၏ သမ္မတအုပ်ချုပ်ရေးစနစ်အရ အာဏာရ ပါတီသည် လွှတ်တော်အတွင်း အမတ်နေရာအများစုမရရှိခြင်းသည် အစိုးရအဖွဲ့၏ တည်ငြိမ်မှုကို သက်ရောက်မှုမရှိနိုင်သော်လည်း သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nicos Anastasiades) အနေဖြင့် နိုင်ငံစီးပွားရေးအား ကောင်းမွန်စွာပြန်လည် လုပ်ဆောင်နိုင်စေရန်အတွက် ပါတီငယ်များနှင့် မဟာမိတ်ဖွဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment