အဇာဘိုင်ဂျန်သမ္မတ အီဟမ်အာလီယေ့ဗ် (Ilham Aliyev) သည် မေလ ၃ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်အသစ် ကာဟစ်ဘာဂျစ် (Cahit Bagci) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီနှင့် အဇာဘိုင်ဂျန်တို့၏ မိတ်ဖက်ဆက်ဆံရေးသည် လက်ရှိတွင် အပြုသဘော ဆောင်သောအခြေအနေတစ်ရပ်သို့ ရောက်ရှိလျက်ရှိပြီး ၎င်းတို့အကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် နာဂါနို-ကာရာဘတ်စစ်ပွဲဖြစ်စဉ်သည် အဇာဘိုင်ဂျန်နှင့် တူရကီတို့၏ ဆက်ဆံရေးခိုင်မာအားကောင်းသည်ကို ပြသခြင်းဖြစ် ကြောင်း သမ္မတ အီဟမ်အာလီယေ့ဗ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment