ရိုမေးနီးယားသမ္မတ ကလော့စ်လိုဟန်နစ် (Klaus Iohannis) နှင့် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) တို့သည် ရိုမေးနီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ကျင်းပပြုလုပ်သည့် Jastice Sword 21 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းသို့ တက်ရောက်ခဲ့ကြောင်း ရိုမေးနီးယားသမ္မတရုံးက မေလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားသော ရိုမေးနီးယား တပ်ဖွဲ့ဝင်များပါဝင်လေ့ကျင့်ခဲ့ပြီး နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
No comments:
Post a Comment